တူညီသော scene တစ်ခု ကို ရှုထောင့်အမျိုးအမျိုး sensor အမျိုးအမျိုး ..အချိန်တစ်ခုကွားခြားပြီး ရိုက်ထားမယ်ဆိုရင် အရင် ရိုက်ထားတဲ့ image နဲ့ နောက်မှရိုက်တဲ့ image နှစ်ခုကြား ကွားခြားမှု မတူညီမှုကို သိချင်ရင် image registration ဆိုတဲ့ technique လိုအပ်လာပါတယ်. Image registration ဆိုတာ တစ်နည်းအားဖြင့် image တွေကို matching လုပ်ခြင်းပဲဖြစ်ပါတယ်. Image registration technique ကိုအသုံးပြုဖို့ လိုအပ်တဲ့ field ကတော့ အများကြီးပါပဲ..အများအားဖြင့် remote sensing, computer vision, medical imaging တွေများ အသုံးများပါတယ်.
Medical imaging မှာ image registration ရဲ့ အသုံးဝင်မှုကတော့ အများကြီးပါ.
ဥပမာ အားဖြင့် လူနာတစ်ယောက် ရဲ့ ဦးခေါင်းကို CT(Computed Tomography) လဲရိုက်မယ် PET(Positron Emission Tomography) လဲရိုက်ထားမယ်ဆိုပါစို့.. CT က ထွက်လာတဲ့ DICOM image တွေနဲ့ PET ကထွက်လဲတဲ့ DICOM image နှစ်ခုရဲ့ information တွေ ပေါင်းစပ် ကြည့်ခြင်းဖြင့် လူနာအတွက် ပိုတိကျတဲ့ decision တွေကို ဆရာဝန်တွေက ချနိုင်မှာဖြစ်ပါတယ်. လူနာတစ်ယောက်ရဲ့ ရင်ခေါင်း (thorax) ကို CT နဲ့ PET နဲ့ရိုက်ထားတဲ့ပုံကို ပုံ(၁) မှာ ဖော်ပြထားပါတယ်.
ပုံ(၁)
Thorax DICOM image of CT and PET Scanner
ပုံကြည့်ခြင်းဖြင့် CT နဲ့ PET မှထွက်လာတဲ့ DICOM image တွေဟာ ကွာခြားကြောင်းတွေ့နိုင်ပါတယ်. CT thorax ရဲ့ anatomical information ကိုဖော်ပြပြီး PETကတော့ thorax ရဲ့ functional information ပိုထင်ရှားစွာပြတယ်ဆိုတာ
တွေ့ရပါမယ် အဲနှစ်ခုပေါင်းစပ်ပေးဖြင့် တစ်ခုချင်းစီထက်ပိုပြီးသိသာထင်ရှားတဲ့
information ကိုဖော်ပြနိုင်တယ်ဆိုတာ ပုံ(၂) မှာ တွေ့နိုင်ပါတယ်။
ပုံ(၂)
Image fusion after registration
ဒီလိုပေါင်းစပ်ခြင်းကို image fusion လို့ခေါ်ပြီး ဒီလို fusion လုပ်ဖို့ image registration technology တွေအသုံးပြုရတာဖြစ်ပါတယ် . image registration ကို ဒီလို multi-modality(CT/PET, CT/MRI, MRI/SPECT, etc...) မှာပဲအသုံးပြုတာမဟုတ်ပါဘူး mono-modality (CT/CT) မှာလဲ image registration method တွေအသုံးပြုကြပါတယ် ဥပမာ လူနာရဲ့ မခွဲစိတ်ခင် အခြေအနေနဲ့ ခွဲစိတ်ပြီးအခြေအနေတွေ .အခု scan ဖတ်ထားတဲ့အခြေအနေနဲ့ နောက် တစ်လ တစ်နှစ်အကြာ scan ဖတ်ပြီး လူနာရဲ့ အခြေအနေတွေ evaluation ပြန်လုပ်ပြီး treatment planning တွေမှာ အထောက်အကူပြုဖို့ image registration technology တွေကိုအသုံးပြုခြင်းပဲဖြစ်ပါတော့တယ်.....
- http://en.wikipedia.org/wiki/Image_registration
- http://www.ariser.info/training/imgproc.php
- http://www.google.co.kr/url?sa=t&source=web&cd=9&ved=0C...
- J B Antoine Maintz., M A Viergever, “A survey of medical image registration”, Medical Image Analysis, vol.2, no.1, pp 1-36, 1990
No comments:
Post a Comment